အလင်းရောင်
နောက်ဆုံးပြောခဲ့တာက - not visible
သင့်ထံတွင် အော်ကျယ်များကိုကြည့်ရန်အခွင့်မရှိသေးပါ
 
ဖိုရမ်သတင်း
Announcements
အလင်းရောင်ဖိုရမ်(၁)နှစ်ပြည့်အမှတ်တရ

ဒီကနေ့ဆိုရင် ကျနော်တို့ အလင်းရောင်ဖိုရမ်ကို တည်ထောင်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ ကျနော်တို့ရဲ့ အလင်းရောင် ဖိုရမ်ကို(၁) နှစ်ပြည့်မြောက် သည်အထိ ဖြစ်မြောက်အောင်မြင်လာအောင် ကူညီလုပ်ဆောင်ပေးခဲ့ ကြသောဖိုရမ်မှ ညီအစ်ကိုမောင်နှမများနှင့် လာရောက် လည်ပတ်ကြတဲ့ မိတ်ဆွေဧည့်သည်တော်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ နည်းပညာဆိုင်ရာများ၊ ကွန်ပျူတာဆိုင်ရာများ၊ အထွေထွေဗဟုသုတများ နှင့်အလင်းရောင်ဖိုရမ်မှာ ရှိတဲ့ပိုစ့်တွေကို အသက်ဝင်လာအောင် ၀ိုင်းဝန်းဖန်တီးပေးကြသော ညီအစ်ကိုမောင်နှများအားလုံး နောင်လာမည့် နှစ်ပတ်လည်တွေမှာလည်း ယခုထက်(ဒီ့ထက်မက) ပိုမိုအောင်မြင်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖိုရမ်ဖြစ်လာအောင် ၀ိုင်းဝန်းကူညီလုပ်ဆောင် ကြပါစို့ခင်ဗျာ ....  ဤနှစ်ပတ်လည်မှစ၍ ငွေရတုရွှေရတု ရတုနှစ်ပေါင်းများစွာ တိုင်အောင်လူငယ်(မြန်မာ)တွေအတွက်၊ လူသားအားလုံးအတွက် ပညာအလင်းရောင်ကို ဆောင်ကျဉ်းပေးနိုင်တဲ့ ဖိုရမ်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဖိုရမ်မိသားစုဝင်များအားလုံးနှင့် လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့် ဆုံဆည်းနိုင်ကြပါစေလို့ ထာဝစဉ်ဆန္ဒပြုလျက်............


လေးစားစွာဖြင့်........

အလင်းရောင်ဖိုရမ်


by ကျော်သီဟ, Thursday, 16 July 2009 20:29 Comments(0), Read all
Announcements
မြန်မာလက်ကွက် အသုံးပြုနိုင်ပါပြီ...

မြန်မာလက်ကွက် အခက်အခဲ ဖြစ်နေသူများအတွက် မြန်မာလက်ကွက် အသုံးပြုနိုင်ပါပြီ.. မိမိကွန်ပျူတာမှာ မြန်မာဖောင့်မရှိလဲ ရေးသားနိုင်ပါတယ်။ မြန်မာလက်ကွက် အသုံးပြုမည်ဆိုပါက textarea အပေါ်မှာရှိသော မြန်မာလက်ကွက် ကို အမှန်ခြစ်ပေးပါ.. English ဖောင့် အသုံးပြုချင်ပါက မြန်မာလက်ကွက် ဆိုတာ အမှန်ခြစ်ဖြုတ်ပေးပါ။ အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။ ကျွန်တော်တို့ မြန်မာလက်ကွက်လေး ရရှိဖို့အတွက် open source များပေးထားကြသော ကို SaturnGod နှင့် phpbb.yamc တို့ကို ကျေးဇူးအထူးတင်ပါသည်။ ကျွန်တော်တို့ ပြုလုပ်ထားသည်များတွင် လိုအပ်ချက်များ၊ မှားယွင်းချက်များ ရှိနေပါက ၀င်ရောက် သင်ပြပေးကြပါရန် မေတ္တာရပ်ခံပါသည်။


အစဉ်လေးစားလျက်..


အလင်းရောင်ဖိုရမ်


by HanLinKyaw, Saturday, 25 October 2008 00:04 Comments(0), Read all
Announcements
အလင်းရောင်မှ ကြိုဆိုပါ၏...

အလင်းရောင်ဖိုရမ်သို့ လာရောက်ကြတဲ့ သူငယ်ချင်းများအားလုံးကို ကျွန်တော်တို့ အလင်းရောင် ညီအစ်ကို မောင်နှမများက နွေးထွေး ကြိုဆိုပါတယ်။ လာရောက်ကြသော သူငယ်ချင်းများခင်ဗျာ ဖိုရမ်သို့ ဖတ်ရှုခြင်း၊ ရေးသားချက်များကို ရေးသားခြင်းတို့ကို ပြုလုပ်နိုင်ရန်အတွက် မှတ်ပုံတင်ရန် တွင် အရင်ဆုံး မှတ်ပုံတင် ပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါတယ်။ မိမိတို့ မှတ်ပုံတင်ခြင်း ပြီးဆုံးပါက ဖိုရမ်စာမျက်နှာသို့ ၀င်ရောက်ဖတ်ရှုခြင်း၊ ရေးသားခြင်းများ ပြုလုပ်နိုင်ပါပြီ။ မိတ်ဆက်ကြမယ် ကဏ္ဍတွင် မိမိတို့ ကဏ္ဍအလိုက် ၀င်ရောက်မိတ်ဆက်ပြီး အသင်းဝင်များ အခြင်းခြင်း ခင်မင်စည်းလုံးမှုကို ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။ လာရောက်ကြသော မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ...


လေးစားစွာဖြင့်


အလင်းရောင်ဖိုရမ်


by HanLinKyaw, Monday, 21 July 2008 21:18 Comments(0), Read all
Announcements
ဖိုရမ်စတိုင်များ ပြောင်းနိုင်ရန်

အနက်ရောင်ကြီးကို ကြည့်ရတာ ရိုးသွားသူများအတွက် ကျွန်တော်တို့ ဖိုရမ်စတိုင်များကို ထပ်မံဖြည့်စွက်ထားပါတယ်။

ဖိုရမ်စတိုင် ပြောင်းချင်ရင် ကိုယ်ရေးဖိုင် ပြင်ရန် ကိုသွားပါ။ ပြီးပါက ဖိုရမ်အပြင်အဆင်များ ကို ဆက်သွားပါ။ အဲဒီမှ

ဘာသာစကား၊ ဖိုရမ်ပုံစံ၊ စံတော်ချိန်တို့ တွေ့ရပါမယ်။ အဲဒီမှ ဖိုရမ်ပုံစံမှာ မိမိကြိုက်နှက်သက်သော ပုံစံများကို ရွေးပြီး

အတည်ပြုပေးလိုက်ရင် ဖိုရမ်ပုံစံများ ပြောင်းသွားပါလိမ့်မယ်။ Black Perl, MG Xmas, Milky way, Tranquility, X-Static,

X-Treme Green, Rainbow Pearl များထဲမှ မိမိစိတ်ကြိုက်ဖြစ်သော ပုံစံများကို ပြောင်းလဲနိုင်ပါပြီ။

အခုနောက်တစ်ခုအနေနဲ့ မူလစာမျက်နှာမှ အပြင်အဆင်များ တွင်လည်း ပြောင်းနိုင်ပါပြီ။ အသင်းသားများသာလျှင်


ဖိုရမ်ပုံစံများကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဧည့်သည်များအနေဖြင့် မူရင်း အနက်ရောင်အတိုင်း တွေ့မြင်ရပါလိမ့်မည်။


လေးစားစွာဖြင့်


အလင်းရောင်ဖိုရမ်


by HanLinKyaw, Sunday, 20 July 2008 23:38 Comments(0), Read all
Announcements
Email အကောင့်များ ရယူနိုင်ပါပြီ

ကျွန်တော်တို့ အလင်းရောင်မှ အသင်းဝင်များအတွက် Email အကောင့်များ ပြုလုပ်နိုင်ပါပြီ။ အသင်းဝင် တစ်ယောက်အတွက် မေးလ်အကောင့် တစ်ခု  ပြုလုပ်နိုင်ပါတယ်။ Google နဲ့ ချိတ်ဆက်ထားတဲ့ အတွက် မေးလ် အကောင့်တစ်ခုကို Free Space 6Gb ရရှိပါတယ်။ ပုံမှန် Gtalk မှာပြောသလိုလည်း ပြောနိုင်ပါတယ်။ Gtalk မှာ ပြောမယ်ဆိုရင်တော့ Username နေရာမှာ (ဥပမာ- name@alinyaung.org )  အနေနဲ့ ၀င်ပြီး အသုံးပြုနိုင်ပါတယ်။


Email ကို တိုက်ရိုက် ၀င်ချင်တယ် ဆိုရင်တော့ https://mail.google.com/a/alinyaung.org ကနေ ၀င်ရောက်နိုင်ပါတယ်။


Email အကောင့် ပြလုပ်ချင်သူများ အနေဖြင့် First name, Last name, Username, Password  တို့ကို ရေးသားပြီး ဖိုရမ် အုပ်ချုပ်သူများ၊ ကြီးကြပ်ရေးမှူးများ နှင့် ဖိုရမ်ထိန်းများ ထံ PM ပို့၍ ဖြစ်စေ၊ အီးမေးလ် ပို့၍ ဖြစ်စေ အကောင့်များ ပြုလုပ်နိုင်ပါတယ်။


by HanLinKyaw, Wednesday, 09 July 2008 16:57 Comments(0), Read all
Announcements
အလင်းရောင် ဖိုရမ် မွေးဖွားခြင်း

အလင်းရောင် ဖိုရမ်ကို ယနေ့မှစပြီး မွေးဖွားလိုက်ပါပြီခင်ဗျာ.. ကျွန်တော်တို့ အလင်းရောင် ဖိုရမ်အား ၀ါသနာတူသူငယ်ချင်းများ စုစည်းပြီး တည်ထောင်ထားခြင်းဖြစ်ပါတယ် ခင်ဗျာ.. နည်းပညာများတိုးတက်နေသော ခေတ်ကြီးထဲမှာ ကမ္ဘာအရပ်ရပ်မှာ ရောက်ရှိနေကြတဲ့ မြန်မာလူမျိုးများ မိမိတို့ သိရှိထားသော ဗဟုသုတများ နွေးထွေးရင်းနှီးစွာ ဆွေးနွေးဖလှယ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်ခင်ဗျာ.... မိမိတို့သိရှိထားသော နည်းပညာဗဟုသုတများအားလုံးကို မျှဝေထားသောနေရာတစ်ခုမကဘဲ၊ မိမိတို့လိုအပ်ချက်များအားလုံးကိုလည်း တောင်းဆိုနိုင်ပါတယ်။ မိမိတို့ရဲ့ အတွေ့မကြုံမဟုသုတများ၊ ပညာရပ်များကို နည်းပညာဗဟုသုတ လိုအပ်နေသူများအတွက် မျှဝေ ခံစားကြရအောင် ကျွန်တော်တို့ အလင်းရောင် ဖိုရမ်က ဖိတ်ခေါ်လိုက်ပါတယ်။


အားလုံးကို လေးစားလျက်...


အလင်းရောင် ဖိုရမ်...


by HanLinKyaw, Monday, 07 July 2008 20:01 Comments(0), Read all
 
rss_simplepie

A feed could not be found at http://www.snapshot-news.com/modules.php?name=homepage&file=entertainment

FaviconElastic medium တွင် တုန်ခါမှုရင်းမြစ်မှ ထွက်ပေါ်လာသော လှိုင်းများ ပျံ့နှံ့သက်ရောက်ခြင်း

Source: New Generation of Metropolitan | 19 Jul 2010 | 5:48 am

မြေငလျင်လှုပ်သောကြောင့် ငလျင်လှိုင်းများ သက် ရောက်သည့်အခါ (သို့မဟုတ်) လူတို့ပြုလုပ် သော မြေအေ...

Faviconဘဂ္ဂဒက်တွင် ကန်ဒေါ်လာ ၃ ဘီလီယံတန် မီထရို တည်ဆောက်မည်

Source: New Generation of Metropolitan | 30 May 2010 | 2:20 pm

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်တွင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံတန် မီထရို စီမံကိန်းကို ဖော်ဆောင်...

Faviconဥရောပ - အာရှ ရထားလမ်းကွန်ယက် (Trans-Asian Railways - TAR)

Source: New Generation of Metropolitan | 30 May 2010 | 4:28 am

ဥရောပ - အာရှဖြတ်ကျော် ရထားကွန်ယက် (Trans-Asian Railways - TAR) သည်ဥရောပနှင့် အာရှနိုင်ငံများအကြား ကုန်စည်အပြန...

FaviconRailway signaling system အကြောင်း လေ့လာခြင်း

Source: New Generation of Metropolitan | 27 May 2010 | 5:48 pm

ရထားဘူတာရုံများနှင့် လမ်းပိုင်းများတွင် လျှပ်စစ်ရထားများ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်...

Faviconလျှပ်စစ်အန္တရာယ်အကြောင်းသိကောင်းစရာ

Source: New Generation of Metropolitan | 23 May 2010 | 7:02 am

နိဒါန်းယနေ့ခေတ် လူနေမှု အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည်လည်...

MKPFeedReader powered by SimplePie

 
Boardnews
 
 

MKPortal ©2003-2008 mkportal.it